Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးများ ဆက်လက်မြင့်တက်လျှက်ရှိ

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးများ ဆက်လက်မြင့်တက်လျှက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ တစ်ပတ်အတွင်းကာလတူ (၁၇.၈.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါက  နှမ်းများလှိုင်လှိုင်ထွက် ပေါ်လာသော်လည်း အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းမျိုးစုံစျေးများ ဆက်လက် မြင့်တက်လျှက်ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ(သစ်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင် တစ်ပတ်တွင် (၂၇၀၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၇၂ဝဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၀ဝဝ)ကျပ်၊ နှမ်းဂွနက်(ရိုးရိုး) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၀၂၀ဝဝ) ကျပ်စျေး၊ ယခုတစ်ပတ် (၂၃၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၆၀ဝဝ)ကျပ်၊ နှမ်းဖြူ (မကွေး) သစ်(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ် တွင်(၂၄၃၀ဝဝ)ကျပ်စျေး၊ ယနေ့ (၂၅၇၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၁၄၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅) ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ် တွင်(၂၃၁၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၄၃၀ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၁၂၀ဝဝ)ကျပ် အသီးသီးစျေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News